လ - အောက်တိုဘာ 2018

ထူးမြတ်လေးနက်သော

ကျေးလက်ဂီတမှစ၍ ဂန္တဝင်တေးသွားများအထိ ဂီတသံစဉ်ပေါင်းစုံကို ချစ်မြတ်နိုးရန် ကျွန်တော့်မိဘများက သင်ကြားပေးခဲ့သည်။ ထို့ကြောင့် မော်စကိုအမျိုးသားသံစုံတီးဝိုင်း ကို ခံစားနားဆင်ရန် ရုရှားနိုင်ငံ၏ နာမည်ကျော် မော်စကို အနုပညာ ကဇာတ်ရုံကြီးထဲ ဝင်သွားစဉ် ကျွန်တော့်နှလုံးခုန်မြန်နေခဲ့သည်။ ရှေ့မှ ဦးဆောင်ညွှန်ကြားသူက ဂီတပညာရှင်များကို ဆွဲခေါ်လျက် တိုင်ကိုဗ်စကီး၏ ဂန္တဝင် တေးသွားကို တီးခတ်ရာ တေးသွားအစမှသည် တဖြည်းဖြည်းနှင့် ထူးခြားလေးနက်အံ့မခန်းသော ဇာတ်ရှိန် အမြင့်ဆုံးသို့ ပို့ဆောင်လေသည်။ ထိုအံ့ဖွယ်အချိန်လေးတွင် ပရိတ်သတ်ကြီးမှ မတ်တပ်ရပ်လျက် တခဲနက် လက်ခုပ်တီး အားပေးခဲ့သည်။

သမ္မာကျမ်းစာတွင် လက်ဝါးကပ်တိုင်နှင့် သခင် ယေရှုခရစ်၏ ရှင်ပြန်ထမြောက်ခြင်းဟူသည့် တန်ခိုးနှင့် ပြည့်စုံသည့် ထူးခြားလေးနက်ဆုံးသောသမိုင်းကို ပြညွှန် သည်။ ဧဒင်ဥယျာဉ်၌ အာဒံနှင့်ဧဝတို့ အပြစ်သို့ကျဆင်း ပြီးနောက် ကယ်တင်ရွေးနုတ်ရှင်ကို ပေါ်ထွန်းစေမည်ဟု ဘုရားသခင်ကတိပေးခဲ့သည် (က ၃း၁၅)။ ဓမ္မဟောင်းကျမ်းတစ်ခုလုံးသည်လည်း ထိုအမှုသို့ဦးတည်ပြီး ဖြစ်ပျက် ခဲ့သည်။…

ငြိမ်သက်ခြင်းဘယ်မှာ

၁၉၈၄ ခုနှစ်တွင် ‘‘ငြိမ်းချမ်းရေး ရှိဖို့ သင်မျှော်လင့်ဆဲပဲလား’’ ဟု သတင်းဂျာနယ်လစ် တစ်ဦးက ဘော့ဒိုင်လန်အား မေးခဲ့သည်။

“ငြိမ်းချမ်းရေးက ရှိလာမှာမဟုတ်ဘူး’’ ဟု ဒိုင်လန်ဖြေခဲ့သည်။ သူ့အဖြေကြောင့် ဝေဖန်ခံရသည်။ သို့သော် ငြိမ်သက်ခြင်းက ဝေဝါးနေဆဲဖြစ်ကြောင်း ငြင်း၍ မရပါ။

ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀ ခန့်က ပရောဖက်အများစုသည် ငြိမ်သက်ငြိမ်းချမ်းခြင်းရှိမည်ဟု ကြိုတင် ဟောကိန်းထုတ်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်၏ ပရောဖက်များ မပါ။ ပရောဖက်ယေရမိက လူအပေါင်းတို့အား ထာဝရဘုရား မိန့်တော်မူသည်ကား ‘‘ငါ့စကားကို နားထောင် ကြလော့။ သို့ပြုလျှင် ငါသည် သင်တို့၏ဘုရားသခင် ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်’’ ဟု (၇း၂၃) သတိပေးခဲ့သည်။ သို့သော်လည်း ထာဝရ ဘုရားသခင်နှင့် ကိုယ်တော်၏အမိန့်တော်ကို သူတို့ အကြိမ်ကြိမ် လျစ်လျူရှုကြသည်။ ပရောဖက်လိမ်များက ငြိမ်သက်ခြင်းဟုပြောလည်း (၈း၁၁) ယေရမိက…

ချုပ်ကိုင်ထားရန် မဖြစ်နိုင်သော

မက်စီကို ပင်လယ်ကွေ့၌ သူငယ်ချင်းများနှင့် ရေကူးပျော်မြူးနေကြစဉ် ကိတ်လင်း တစ်ယောက် ငါးမန်းနှင့်ရင်ဆိုင်ခဲ့ရပြီး ငါးမန်းက သူ့ခြေကိုခဲကာ သူ့တစ်ကိုယ်လုံးကို ဆွဲချသည်။ ကိတ်လင်းကလည်း ငါးမန်း၏နှာခေါင်းကို ထုကာ ပြန်တိုက်ခိုက်သည်။ ထိုအခါ အသားစားငါးကြီးမှာ ကိတ်လင်းကို လွတ်ပြီး အရှုံးနှင့် အဝေးသို့ ကူးခတ် ထွက်သွားသည်။ ငါးမန်းကိုက်ခဲထားသည့် ဒဏ်ရာများစွာ ရှိခဲ့ပြီး အချက် ၁၀၀ ကျော် ချုပ်ခဲ့ရလည်း ငါးမန်းကြီးသည် ကိတ်လင်းကို မချုပ်မခဲထားနိုင်ခဲ့ပါ။

ထိုအဖြစ်က သခင်ယေရှုသည် သေခြင်းကို ချေမှုန်းလျက် သူ၏နောက်တော်လိုက် တပည့်တော်များကို ခြိမ်းခြောက်အနိုင်ယူသည့် သေခြင်း၏တန်ခိုးကို အဆုံးသတ် ပစ်ခဲ့ခြင်းကို သတိရစေသည်။ ရှင်ပေတရု၏ အဆိုအရ သခင် ယေရှုကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင် ရန် မဖြစ်နိုင်ပါ (တ ၂း၂၄)။

ဤစကားကို ယေရုရှလင်ရှိ လူပေါင်းတို့အား ရှင်ပေတရု မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ထိုလူအများစုသည်…

လမ်းကြောင်းကို ရွေးချယ်ခြင်း

ကျွန်ုပ်၌ ဆောင်းဦးရာသီကူးချိန်၌ရိုက်ထားသော အလွန်လှသည့် ဓာတ်ပုံတစ်ပုံရှိသည်။ ဓာတ်ပုံမှာ ကိုလိုရာဒိုတောင်တန်းပေါ်တွင် မြင်းစီးလူငယ်တစ်ဦးသည် မည်သည့်လမ်းကို သွားရမည်နည်းဟု သေချာစွာစူးစမ်းနေပုံဖြစ်သည်။ ထိုဓာတ်ပုံလေးက ကဗျာစာဆို ရောဘတ်ဖရော့စ်၏ ‘‘The Road Not Taken - မရွေးချယ်သောလမ်း’’ဟူသည့် ကဗျာကို သတိရစေသည်။ ကဗျာဆရာက သူ့ရှေ့ရှိလမ်း ၂ လမ်းကို ဆင်ခြင်သည်။ လမ်း ၂ သွယ်လုံးက သွားချင်စဖွယ် ဖိတ်ခေါ်နေသော်လည်း ဤနေရာသို့ ပြန်ရောက်လာမှာကို သူသံသယမကင်း ဖြစ်မိသည်။ သို့သော် တစ်လမ်းလမ်းတော့ သူရွေးချယ်ရမည်ဖြစ်ရာ၊ ‘‘လမ်းနှစ်သွယ် ခွဲဖြာ၊ တောအုပ်မှာ၊ လူသွားနည်းသောလမ်းကို ရွေးရာ၊ တစ်မူကွဲပြား ထူးခြားတာ’’ ဟု ဖရော့စ် ရေးစပ်ခဲ့သည်။

သခင်ယေရှုမိန့်ကြားသည့် တောင်ပေါ်ဒေသနာ တွင်လည်း (မ ၅-၇)၊ တရားနာသူ ပရိတ်သတ်အပေါင်းတို့အား သခင်က ‘‘ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည်…

ရွှေဖရုံသီးထဲမှ ရတနာ

မိခင်ဖြစ်ခါစ၌ ကျွန်မသမီးလေး၏ပထမနှစ်ဘဝကို မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ပြီး သူမည်သို့ ကြီးလာသည်၊ မည်မျှပြောင်းလဲလာသည်ကို လစဉ်ဓာတ်ပုံရိုက်ယူခဲ့သည်။ ကျွန်မသဘောကျသည့် ဓာတ်ပုံတစ်ပုံမှာ လယ်သမားတစ်ဦးထံမှ ကျွန်မဝယ်ယူခဲ့သည့် အသားခြစ်ပြီးသား ရွှေဖရုံသီးခွံထဲ မြူးတူးပြုံးရွှင်စွာ ထိုင်နေသည့်ပုံဖြစ်သည်။ မေ့အသည်း၊ မေ့ဆည်းလည်းလေးက ဧရာမရွှေဖရုံသီးထဲမှာပါ။ ရွှေဖရုံသီးက မကြာမီ ပုပ်ပျက်သွားသော်လည်း သမီးလေးက တဖြည်းဖြည်း ဆက်လက်ရှင်သန်ကြီးပြင်းလာခဲ့သည်။

သခင်ယေရှုမည်သူဖြစ်သည်ဟူသော သမ္မာတရားကို သိခြင်းနှင့် စပ်လျဉ်း၍ ရှင်ပေါလု၏ဖော်ပြချက်က ထိုဓာတ်ပုံကို သတိရစေသည်။ နှလုံးသား၌ သခင်ယေရှုကို သိသောပညာကို ရှင်ပေါလုက မြေအိုး၌သိုထားသည့် ဘဏ္ဍာနှင့်တူသည်ဟု ခိုင်းနှိုင်းထားသည်။ ကျွန်မတို့သည် ‘‘အမျိုးမျိုးသော နှောင့်ယှက်ခြင်း ခံရလျက်’’ (၂ ကော ၄း၈)၊ ရုန်းကန်ရသည့် အခြေအနေများတွင် သခင်ယေရှု ပြုပေး ခဲ့သည့်အမှုကို သတိရခြင်းဖြင့် ခံရပ်နိုင်သည့် ခွန်အားသတ္တိ များကို ရရှိစေသည်။ ကျွန်မတို့အသက်တာရှိ ဘုရားသခင်၏ တန်ခိုးတော်ကြောင့် ကျွန်မတို့သည်…